OWIC Cardလျောက်ရန် လိုအပ်ချက်များ


Welcome! 

ယခု website သည် မြန်မာပြည်သူတွေ OWIC Card လျောက်ရာတွင် လိုအပ်မည့် စာရွက်စာတမ်းများနှင့် လုပ်နည်းများအား မျှဝေခြင်းသပ်သပ်သာ ဖြစ်ပါသည်။


Personal Sharing သပ်သပ်သာ ဖြစ်သဖြင့် အစိုးရ/ဌာနဆိုင်ရာများ နှင့် သက်ဆိုင်ခြင်း လုံး၀လုံး၀ မရှိပါ။


updated on 14 March 2024

အကြံပေးချက်များရှိလျှင် polluxgem2021@gmail.com သို့ဆက်သွယ်ပေးစေလိုပါတယ်။


ခွင့်ပြန်သူများ OWIC လျောက်ရန်လိုအပ်ချက်များ

ပြည်ပက ခွင့်နဲ့ ပြန်လာဖို့ ပြင်နေတဲ့ Passport - PJ များ ကြိုပြင်နိုင်ရန် လိုအပ်တဲ့ စာရွက်စာတမ်းများ


SPass/EP/PR များအတွက်သာ ဖြစ်ပါသည်။ WP များကို အစိုးရသတ်မှတ်ထားသော Agent နဲ့သာဆက်သွယ်ခိုင်းပါသည်။


နောက်ဆုံးရရှိတဲ့ အချက်အလက်ရ ခွင့်ပြန် WP များလဲ ကိုယ်တိုင်လျောက်လို့ရသည်ဟု ပြောကြပါသည်။

နောက်ဆုံးရ သတင်းအရ OWIC Card လုပ်မည့်သူများ ခွင့်ပြန်အပါအ၀င်

OWIC Card မလုပ်ခင် နီးစပ်ရာ လ၀က တွင် မှတ်ပုံတင် မူရင်းနှင့် စစ်ပီး UID/ EID Slip စလစ်ယူခဲ့ရပါမည် 

UID/ EID Slip အကြောင်း ဒီ link ပေါ်နှိပ်ဖတ်နိုင်ပါတယ်။

 

1. Passport မူရင်း /  ဓါတ်ပုံပါတဲ့ Passport စာမျက်နှာ မိတ္တူ

 (နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)


2. ရန်ကုန်လေဆိပ် အဝင်တုံး ထုထားတဲ့ Passport စာမျက်နှာ မိတ္တူ

(နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)


3. ကိုယ်နေတဲ့ ပြည်ပနိုင်ငံက ထုတ်ပေးတဲ့ IC မိတ္တူ ( စလုံးဆိုရင် WP/SP/EP/PR ကတ် မိတ္တူ နှင့် SGWorkpass scan ထားသည့် page)

(IC နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ) 

(SGWorkpass နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)


4.  မှတ်ပုံတင် မူရင်း / မိတ္တူ


5. Passport photo ဓါတ်ပုံ ၁ ပုံ ( အောက်တွင် ပေးထားသည့် OWIC ကိုယ်ရေးအချက်အလက် Form တွင် ကပ်ရန် ဖြစ်သည်။ မပါသွားပါက ၈ မိုင်ရုံးနားတွင် ဓါတ်ပုံအမြန် ရိုက်ပေးသည့် ဆိုင်ရှိပါသည်)


6.  အလုပ်ရှင်မှ ခွင့်ဖြင့် နေရပ်သို့ပြန်ခွင့်ပြုသည့် ခွင့်စာ

(နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)

MSWord version ယူရန် ​​Down​​lo​​​​ad


7. OWIC နေပြည်တော်လိပ်မူ Form ( လျှောက်လွှာ အပေါ်စာ ဟုလဲခေါ်သည်)

(နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)

နှစ်သက်ရာ version download ယူရန်  

Download Word   ​​​​Download PDF

8.  OWIC ကိုယ်ရေးအချက်အလက် Form 

(နမူနာကြည့်ရန် စာမျက်နှာ ၁ နှင့် ၂ ကို နှိပ်ပါ)  စာမျက်နှာ ၁  စာမျက်နှာ ၂

နှစ်သက်ရာ version download ယူရန်   

Do​​wnload Word Downl​​oad PDF

OWIC Card ထုတ်ရန်  

 ၂  ချက် လုပ်ဆောင်ရပါမည်

( ၁ ) Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရပါမည်။

( ၂ ) OWIC Card လုပ်ရပါမည်

  • ၈ မိုင် ရုံးတွင် ၂ ခုလုံး တနေရာထဲ  နေ့ချင်းပီး လုပ်လို့ရပါသည်။ 
  • Labour Card (ခေါ်) အလုပ်သမားကဒ် ကို မိမိ နေထိုင်ရာ မြို့နယ်တွင်လဲလုပ်လို့ရပါသည်။ အချိန်ရသူများ မိမိနေထိုင်ရာ မြို့နယ်တွင် လုပ်ထားပါက ၈ မိုင်ရုံးတွင် ထပ်လုပ်စရာ မလိုအပ်ပါ။  
( ၁ ) Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရန်
  • မှတ်ပုံတင် မူရင်း နှင့် မိတ္တူ 
  • အမည်/အဘအမည်/လိပ်စာ/အလုပ်အကိုင် တို့ကို မှတ်ပုံတင် မိတ္တူ စာရွက်အနောက်တွက် ရေးပေးပီးလျှင်

Labour Card ရုံး ကောင်တာတွင် ထပ်ထားရပါမည်။ နာမည်ခေါ်လျှင် Labour card ဖိုး  ၅၀၀ (သို့ ) ၁,၀၀၀ ကျပ် ပေးသွင်း / လက်ဗွေနှိပ် ပီးလျှင် Labour Card ထုတ်ပေးပါမည်။

(Labour Card နမူနာကြည့်ရန် ဒီနေရာကိုနှိပ်ပါ)

( ၂ ) OWIC Card လုပ်ရန်
  • အပေါ်တွင်ပေးထားသည့် အမှတ် ၁ မှ ၈ ထိ စာရွက်စာတန်းများနှင့်
  • Labour Card ကို

OWIC Card ရုံး တွင် ထပ်ထားရပါမည်။ တိုကင် နံပါတ်ပြန်ထုတ်ပေးလိမ့်မည်။ 

တိုကင်နံပါတ်ခေါ်လျှင် OWIC ရုံးသို့  စာရွက်စာတမ်း စစ်ပြီး ၈,၀၀၀ (သို့) ၁၀,၀၀၀ ငွေသွင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ မျက်လုံး Scan ဖတ်၊ နာရီ၀က်/တနာရီလောက် စောင့်ပြီးရင် OWIC Card ရပါပြီ။ 

မှတ်ချက်- Labour Card ရုံး နှင့် OWIC Card ရုံးသည် မနက် ၉ ခွဲ တွင် Form တင်ရန် တချိန်ထဲ ခေါ်သည့်အတွက် တယောက်ထဲ သွားသူများ Labour Card ပီးမှ OWIC Card လုပ်ရန် (သို့မဟုတ်) Labour Card ကို မိမိနေထိုင်ရာ မြို့နယ်တွင် အရင်လုပ်ထားရန် အကြံ ပေးပါသည်။

Sharing is Caring

အရာအားလုံးအဆင်ပြေချောမွေ့ကြပါစေ။